Blog-Details

ဒီလို အကြပ်အတည်းကာလမှာ လုပ်ငန်းတွေသုံးသင့်တဲ့ Marketing Strategy ၃ ခု အပိုင်း

မီတာစျေးတွေတက်လာတယ်၊ အင်တာနက် Package တွေစျေးကြီးလာတယ်၊ ဆီစျေးတွေတက်လာတယ် စတဲ့ အတက်တွေကြားမှာ လုပ်ငန်းတွေအနေနဲ့ ကိုယ့်နဲ့အတူလုပ်ကိုင်နေတဲ့ ဝန်ထမ်း၊ မိသားစုအတွက် ရသမျှနည်းလမ်းအကုန်နဲ့ထောင့်ခံ ရုန်းကန်နေရဦးမှာပါ

Share on social media :

မီတာစျေးတွေတက်လာတယ်၊ အင်တာနက် Package တွေစျေးကြီးလာတယ်၊ ဆီစျေးတွေတက်လာတယ် စတဲ့ အတက်တွေကြားမှာ လုပ်ငန်းတွေအနေနဲ့ ကိုယ့်နဲ့အတူလုပ်ကိုင်နေတဲ့ ဝန်ထမ်း၊ မိသားစုအတွက် ရသမျှနည်းလမ်းအကုန်နဲ့ထောင့်ခံ ရုန်းကန်နေရဦးမှာပါ

ဒီလိုအနေအထားမှာ ကိုယ့်အရင် လုပ်နေတဲ့ Marketing Activity တွေကိုပြန်လည်ချိန်ညှိရမှာဖြစ်ပြီး ကုန်ကျစရိတ်အနည်းဆုံးနဲ့ လုပ်ငန်းလည်းဆက်လက်လည်ပတ်လို့ရအောင် ပြောင်းလဲရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီ Blog မှာတော့ လုပ်ငန်းတွေအနေနဲ့ ဒီလိုအကြပ်အတည်းကာလမှာ အသုံးပြုသင့်တဲ့ Marketing Strategy ၃ ခုကိုအပိုင်း(၃) ပိုင်းခွဲပြီး ပြောပြပေးချင်ပါတယ်

Strategy နံပါတ်(၁) - ရှိပြီးသား Customer ကို ပြန်ပြီးအာရုံစိုက်ပါ

အရင်က Customer အသစ်အသစ်တွေကို စုဆောင်းဖို့ Boost လုပ်ပြီး ရှာလေ့ရှိပါတယ်။ ဒီလို ကာလမှာ ကြော်ငြာစရိတ်ကို 80/20 ထားပြီး ၂၀% ကို အသစ်သစ်သော Customer အတွက်သုံးပြီး ၈၀% ကို ရှိပြီးသား Customer တွေနဲ့ ပြန်ပြီးထိတွေ့ဖို့ကြိုးစားကြည့်ပါ။

အားသာချက်တွေအနေနဲ့ Customer တွေဟာ ကိုယ့်လုပ်ငန်းနဲ့ ရင်းနှီးပြီး ထုတ်ကုန်၊ ဝန်ဆောင်မှုကို အသုံးပြုဖူးပြီးသားဖြစ်လို့ အလွယ်တကူပြန်ဝယ်ဖို့ အခွင့်အလမ်းများသလို ကုန်စရိတ်လည်းပိုပြီးသက်သာနိုင်ပါတယ်။

ဝယ်သူတွေကို ပြန်ပြီးဆက်သွယ်ဖို့ စျေးသက်သာတဲ့ နည်းလမ်းအချို့ကိုအနေနဲ့ဆိုရင်

  • ဝယ်ဖူးတဲ့သူတွေကို ပစ္စည်းအသစ်ရောက်တိုင်း ပြန်ပြီးအကြောင်းကြားပေးတာ

  • အကောင့်ကနေ သာကြောင်းမာကြောင်းမေးပြီး ကိုယ့်ဖက်က သူတို့ကို Care လုပ်ကြောင်းပြပေးတာ

  • ကိုယ့်ဆီမှာရှိတဲ့ ဖုန်းနံပါတ်တွေကို စုထားပြီး SMS ကနေတစ်ဆင့် သီးသန့် Promo code တွေပို့တာ

  • Facebook ရဲ့ ဝယ်သူတွေကို ပြန်ပြီး ကြော်ငြာပြလို့ရတဲ့ Retargeting Method ကိုသုံးတာ စတဲ့

ဝယ်သူတွေကို ပြန်ပြီးဆက်သွယ်တာ လိုနည်းလမ်းတွေကိုအသုံးပြုလို့ရပါတယ်။

ဒီအပိုင်း(၁) ကိုပြန်ပြီးအနှစ်ချုပ်မယ်ဆိုရင် Customer အသစ်တစ်ယောက်ရဖို့ဆိုတာ ကိုယ့်လုပ်ငန်းကို သိ၊ ယုံ၊ ဝယ်ဆိုတဲ့ အဆင့်တိုင်း နည်းအမျိုးမျိုး၊ Strategy အမျိုးမျိုးနဲ့ ဆွဲဆောင်ရပါတယ်။

ဒါပေမယ့် ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှုကို အသုံးပြုပြီးတဲ့သူဟာ လုပ်ငန်းအကြောင်းကိုသိပြီးသားဖြစ်လို့ ပြန်ပြီးထိတွေ့ဖို့ သေချာသလောက်ရှိတဲ့ သူတွေဖြစ်တာကြောင့် ဒီလို အကြပ်အတည်းကာလမှာ အသုံးချသင့်တဲ့ ပထမမားကက်တင်းဗျူဟာတစ်ခု ဖြစ်ပါတယ်။

Other Related Articles