Blog-Details

လူပိုသိချင်တယ်၊ ပိုရောင်းရချင်တယ်ဆိုတဲ့ Marketing Objective များအပြင်...

မြန်မာနိုင်ငံတောင်ပိုင်းကလုပ်ငန်းတွေအတွက် Marketing Strategy ချမှတ်တဲ့နေရာမှာ ထပ်ပြီးစဥ်းစားလို့ရမယ့် Marketing Objective (5) ခု

Share on social media :

ကိုယ့်ရဲ့ Marketing Team ကိုပဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းအတွက် Strategy ချမှတ်ပြီး Marketing ဆောင်ရွက်ပေးမယ့် အေဂျင်စီတွေကို Marketing Objective ချမှတ်ပေးတဲ့အချိန်မှာဖြစ်ဖြစ် လူများများသိချင်တယ်(Awareness)၊ အရောင်းတက်ချင်တယ်(Sales) ဆိုတဲ့ Objective နှစ်ခုကို ချမှတ်ပေးတာကို တွေ့ရများပါတယ်။

ဒါကြောင့် ဒီလို Objective နှစ်ခုအပြင် မြန်မာနိုင်ငံတောင်ပိုင်းကလုပ်ငန်းတွေအတွက် Marketing Strategy ချမှတ်တဲ့နေရာမှာ ထပ်ပြီးစဥ်းစားလို့ရမယ့် Marketing Objective (8) ခုကို ဖော်ပြပေးလိုက်ပါတယ်။

(1) Need Recognization (Awareness)

ပစ္စည်းက စျေးကွက်ထဲမှာလိုအပ်ချက်ရှိတယ်၊ ဒါပေမယ့် သုံးစွဲသူက အသုံးပြုဖို့အချိန်မတန်သေးကြောင်းထင်နေတာ၊ ဝယ်ဖို့ သတိမထားမိတဲ့အချိန်မှာ ဒီ Objective ကိုချမှတ်အကောင်အထည်ဖော်လေ့ရှိပါတယ်။

ဥပမာ - မီးသတ်ဆေးဘူး၊ အသက်အာမခံ၊ ကျန်းမာရေးအာမခံ။

(2) Product Demonstration

Product က အသုံးပြုဖို့ Process များရှုပ်ထွေးတာ၊ စျေးကွက်ထဲဖြန့်ချီလိုက်တဲ့ ထုတ်ကုန်အသစ်ကို စားသုံးသူက ဝယ်ယူဖို့ သံသယ ရှိနေတာ၊ ကိုယ့်ထုတ်ကုန်က တစ်ခြား လုပ်ငန်းတူတွေထက် ပိုကောင်း၊ ပိုလွယ်တယ်ဆိုတဲ့ အချက်တွေကို စျေးကွက်ထဲမှာ သိစေချင်တာစတဲ့ အချက်တွေအတွက် ဒီ Objective ကိုချမှတ်ပြီး Strategy များကိုအကောင်အထည်ဖော်လေ့ရှိပါတယ်။

(3) Establish a Relationship

ပြိုင်ဆိုင်မှုပြင်းထန်သော လုပ်ငန်းနယ်ပယ်များ၊ လုပ်ငန်းရဲ့သဘာဝအရ ဝယ်ပြီးသား Customer တွေကိုပဲ ထပ်ခါထပ်ခါ ပြန်လည်ရောင်းချ(Repeat Purchase)ရခြင်း ဒါမှမဟုတ် Premium ထုတ်ကုန်များရောင်းချခြင်း

စီးပွားရေးလုပ်ငန်းများကိုပဲဝန်ဆောင်မှုပေးရတဲ့ B2B လုပ်ငန်းများ၊ တစ်ဆင့်စကားမားကက်တင်း (Referral-Based Marketing) ကိုအဓိက အားကိုးရတဲ့ လုပ်ငန်းများအတွက် ကောင်းမွန်တဲ့ Relationship တစ်ခုကိုတည်ဆောက်ချင်တဲ့အချိန်မှာ ဒီ Objective ကိုအကောင်အထည်ဖော်လေ့ရှိပါတယ်။

ဥပမာ - ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ အတိုင်ပင်ခံလုပ်ငန်းများ၊ Pet Serviceများ၊ GYM နှင့် Personal Trainer များ

(4) Prospect Identification

ထုတ်ကုန်၊ ဝန်ဆောင်မှုအသစ်များ ထုတ်လုပ်မိတ်ဆက်တဲ့အခါ၊ အချိန်အကန့်အသတ်ဖြင့်ရှိသော Promotion ပြုလုပ်တဲ့အခါ၊ Event များအတွက် Event Promotion များပြုလုပ်သည့်အခါ ဝယ်ယူအသုံးပြုနိုင်မည့် ဝယ်သူကိုရှာဖွေဆုံးဖြတ်သည့်အချိန်တွင် ဒီ Objective ကိုအသုံးပြုသည်။

Prospect Identification အတွက် Straeegy ချမှတ်တဲ့အခါ Market Research ပြုလုပ်ခြင်း၊ Data များကို Analysis ပြုလုပ်ခြင်းနှင့် စျေးကွက်ပိုင်းခြင်း (Segmentation) Strategy များကို အသုံးပြုရလေ့ရှိသည်။

(5) Perception Change

ကုမ္ပဏီ သို့ ထုတ်ကုန်အပေါ် ဝယ်သူများထင်မြင်နေသော အမြင်များကိုပြောင်းလဲစေချင်သည့်အခါ၊ ကုမ္ပဏီမှ marketing လုပ်ဆောင်ချက်များကြောင့် သို့ စီးပွားရေးလုပ်ဆောင်ချက်များအပေါ် သုံးစွဲသူများ သို့မဟုတ် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည့်အခါ၊ ကိုယ့်ထုတ်ကုန်ကိုအစားထိုးအသုံးပြုရန် ငြင်းဆန်နေသည့်အခါ၊ ဝယ်သူများမှလွဲမှားစွာ လက်ခံ ထားသော ယုံကြည်မှုများကိုပြောင်းလဲလိုသည့်အခါ ဒီ Objective ကို အသုံးပြုသည်။

ဥပမာ - ဆေးလိပ်ကုမ္ပဏီများ၊ Fast Food Restaurant များ

ဒီ Marketing Objecitve များကို အသုံးပြုပြီး Marketing Strategy များချမှတ်ပြီး Effective ဖြစ်စေမည့် Marketing Program များ၊ Marketing Campaignများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Other Related Articles