Blog-Details

What is Gamification Strategy and How to Implement it?

မားကက်တင်းမဟာဗျူဟာချမှတ်တဲ့အချိန်မှာ ထည့်သွင်းစဥ်းစားကြည့်သင့်တဲ့ Gamification Strategy

Share on social media :

မားကက်တင်းလုပ်တဲ့အချိန်မှာ Brand တွေအနေနဲ့ မတူညီကွဲပြားတဲ့ Marketing Strategy, Tactics တွေကို ချမှတ်ပြီး Objective တွေကို အကောင်အထည်ဖော်လေ့ရှိပါတယ်။

Marketing နဲ့ပတ်သက်ပြီး Strategy အများကြီးရှိတဲ့အထဲမှ Gamification Strategy ကလည်း Customer များနှင့် လုပ်ငန်းအကြား အမှတ်ရစရာ ရင်းနှီးမှုကို တည်ဆောက်နိုင်မယ့် Strategy တစ်ခုဆိုလည်းမမှားပါဘူး...

Gamification Strategy ဆိုတာ Marketing Campaign ရဲ့ တစ်စိတ်တစ်ပိုင်းကို ဂိမ်းအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး စိန်ခေါ်မှု၊ လှုပ်ရှားမှုတွေ၊ ဆုတွေ ထည့်သွင်းထားကာ Business တွေရဲ့ Marketing Campaign တွေပြုလုပ် တဲ့အခါ၊ Customer များနဲ့ ရင်းနှီးမှုတစ်ခုကိုရယူတဲ့အခါမှာ အသုံးပြုကြပါတယ်။

ထို Strategy ကိုအသုံးပြုခြင်းဖြင့် Brand နှင့် Customer များအကြား အမှတ်ရစရာအတွေ့အကြုံကိုဖန်တီးနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနီးကပ် ထိတွေ့နိုင်ခြင်းစတဲ့ အားသာချက်များကို ရရှိနိုင်ပါတယ်။

Gamification Strategy ကို Online ရော Offline အတွက်ပါ အသုံးချနိုင်ပြီး အခု Online Gamification Strategy ကို အကောင်အထည်ဖော်ဖို့အတွက်ဆိုရင် ဒီဒေတာနှစ်ခုကိုသိထားသင့်ပါတယ်။

ဒေတာများအရ ၈၀% သော မိုဘိုင်းဖုန်းအသုံးပြုသူတွေက Mobile Game တွေကိုဆော့လေ့ရှိပြီး၊ ၅၀% သော ဖုန်းအသုံးပြုသူတွေက နေ့တိုင်း ဂိမ်းဆော့ကြတယ်လို့ဆိုပါတယ်။

အထက်ပါဒေတာအရ မိုဘိုင်းဖုန်းအသုံးပြုသူတိုင်း ဂိမ်းတွေကိုစိတ်ဝင်စားလေ့ရှိကြောင်း တိကျတဲ့သက်သေပြချက် တစ်ခုဖြစ်ပြီး Online Gamification အတွက် ပဟေဌိတွေ၊ ပြိုင်ပွဲအသေးစားတွေကို ပြုလုပ်ပေးနိုင်ပြီး အွန်လိုင်းအသုံးပြုသူတွေ ကလည်း စိတ်ဝင်တစားပါဝင်ကြတာကို တွေ့ရပါတယ်။

Other Related Articles